1) မြန်မာနိုင်ငံ ......... ဒေသသည် အပူဆုံးဒေသဖြစ်သည်။ a) အလယ်ပိုင်းချိုင့်ဝှမ်းဒေသ b) အနောက်ဘက်တောင်တန်းဒေသ c) အရှေ့ဘက်ကုန်းမြင့်ဒေသ 2) မြန်မာနိုငံ၏ မြောက်ဘက်အကျဆုံးအပိုင်းသည် ...... ၏အစွန်းပိုင်း ဖြစ်သည်။ a) တိဘက်ကုန်းပြင်မြင့်ကြီး b) ယူနန်ကုန်းမြင့် c) ဟိမဝန္တာတောင်တန်း 3) ဧရာဝတီမြစ်ဝှမ်းလွင်ပြင် အနိမ့်ပိုင်းဒေသများတွင် ..... ရာသီဥတုရရှိသည်။ a) အပူပိုင်းမုတ်သုံ b) အပူပိုင်းစတက်မြက်ခင်း c) အပူပိုင်းဆဗားနား 4) ဒီရေတောများကို ..... မျိုးခွဲနိုင်သည်။ a) ၂ b) ၃ c) ၄ 5) မြန်မာနိုင်ငံ၏အဖိုးတန်သစ်တောများသည် ......များ ဖြစ်သည်။ a) ရွက်ပြတ်ရောနှောတော b) ခြောက်သွေ့တော c) အမြဲစိမ်းတော 6) မြန်မာနိုင်ငံမြောက်ဖျားပိုင်း၌ ......များကို တွေ့ရသည်။ a) ပုပ္ပါးတောင်မြေ b) ကျောက်ဖြုန်းကမ္ဘာမြေ c) ရေခဲဖုံးတောင်တန်း 7) ဆားပေါက်လယ်မြေများကို ......ဝင်သည့် မြစ်ဝှမ်းလွင်ပြင်များတွင်တွေ့ရသည်။ a) မိုးရေ b) မြစ်ရေ c) ဒီရေ 8) ထုံးပေါက်လယ်မြေများကို မြန်မာနိုင်ငံအလယ်ပိုင်း.....ရပ်ဝန်းဒေသတွင် တွေ့ရသည်။ a) မိုးမရွာ b) မိုးနည်း c) မိုးများ 9) စိမ့်တောများကို ....... မျိုးခွဲခြားနိုင်သည်။ a) ၃ b) ၄ c) ၅ 10) အရှေ့ဘက်ကုန်းမြင့်ဒေသကို အပိုင်း ...... ပိုင်းနိုင်သည်။ a) ၂ b) ၃ c) ၄

Classifica

Stile di visualizzazione

Opzioni

Cambia modello

Ripristinare il titolo salvato automaticamente: ?