ပစ္စည်း/ငွေသားဖြန့်ဝေသည့်နေ့တွင် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဖော်ပြပါ။, ဖြန့်ဝေရေးနေ့အတွက် အလှူရှင်များထံ တင်ပြရသည့် အစီအရင်ခံစာတွင် ပါဝင်သည့် အချက်အလက်များကို ဖော်ပြပါ။, ဖြန့်ဝေမှုပြုလုပ်နိုင်ရန်အတွက် ကောက်ရတဲ့ စစ်တမ်းဘယ်နှစ်ခု ရှိပါသလဲ။ စစ်တမ်းတစ်ခုကောက်ပြီးရင် ဘာဆက်လုပ်ရပါသလဲ။, ဖြန့်ဝေမှုပြုလုပ်နေစဉ် အမျိုးသမီးတစ်ဦးက မိမိကို ချဉ်းကပ်လာပြီး သူ့နာမည်စာရင်းပါဖို့အတွက် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံခဲ့ရကြောင်း တိုင်ကြားလာပါသည်။, Distribution နေ့မှာ လာမထုတ်တဲ့ အကျိုးခံစားခွင့်ရှိသူတွေရှိတာကြောင့် ထောက်ပံ့ပစ္စည်းများ ကျန်နေသည်။, ပစ္စည်းထုတ်တဲ့နေမှာ အကျိုးခံစားခွင့်ရှိသူက consent form (တိုကင်) မေ့လာတယ်လို့ ပြောလာသည်။ သူ့နာမည်က နာမည်စာရင်းထဲမှာ ပါနေပါသည်။, Consent form ကို ဘာလို့ တိုကင်အနေနဲ့ တစ်အိမ်ထောင်တစ်စောင်နှုန်း ဘာလို့ဝေတာလဲ။ အဲ့လိုမဝေခင် ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲ။, အသိပညာပေးခြင်းကို ဘယ်အချိန်တွေမှာ လုပ်လို့ရတာလဲ။, Post Distribution Monitoring (PDM) က ဘာကြောင့် အရေးကြီးတာလဲ။, အကျိုးခံစားခွင့်ရှိသူများအား ရွာအလိုက် အချိန်ခွဲ၍ ချိန်းဆိုထားသော်လည်း အားလုံးက ကြိုတင်ရောက်ရှိ နေကြသည့်အတွက် လူစုလူဝေးဖြစ်နေပြီး ပစ္စည်းဖြန့်ဝေရန်အတွက် နေရာအခက်အခဲဖြစ်နေသည့်အပြင် လူများနေသည့်အတွက် မိမိပြောသည့်စကားများကိုလဲ မကြားရဖြစ်နေသည်။, ရေဘေးကြောင့် ထိခိုက်ခံစားရသူ အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေနေစဉ်တွင် အဖွားတစ်ဦးမှ ချဉ်းကပ်လာပြီး မိမိသည် အကျိုးခံစားခွင့်ရှိသူစာရင်းတွင် မပါဝင်ကြောင်း၊ အကူအညီ လိုအပ်နေကြောင်း ပြောလာသည်။, ဖြန့်ဝေမှုပြုလုပ်နေစဉ် စေတနာ့ဝန်ထမ်းမှ အကျိုးခံစားခွင့်ရှိသူများအား မချေမငံပြောဆိုနေသည်ကို တွေ့လိုက်ရသည်။, ဖြန့်ဝေရေးနေ့တွင် ထောက်ပံ့ပစ္စည်းထုတ်ယူရန် လာရောက်သူများတွင် ထိုင်ထပြုလုပ်ရန်ပင် မလွယ်ကူသည့် သက်ကြီးရွယ်အိုများ ပါလာပါသည်။ ပစ္စည်းသယ်ပေးရန်အတွက် ကူညီပေးမယ့်သူများပါပေမယ့် လက်မှတ်ကတော့ သူတို့ကိုယ်တိုင်ထိုးမှ ရပါမည်။, BH မှ စစ်ရှောင်စခန်းတစ်ခုတွင် အိမ်ထောင်စုအလိုက် ဆန်၊ ဆီ၊ ဆား ထောက်ပံ့ရန် ပြင်ဆင်နေပါသည်။ စစ်ရှောင်စခန်းရှိ အမှန်တကယ် လူဦးရေမှာ ၆၀၀ ရှိနေပေမယ့် ပေးလို့ရသည့် အရေအတွက်က ၅၀၀ ပဲဖြစ်နေသည်။ အကျိုးခံစားခွင့်ရှိသူများကို ဘယ်လို ရွေးချယ်မလဲ။ ရွေးချယ်ထားသူများသည် မှန်ကန်ကြောင်း၊ လူထပ်ခြင်းမရှိကြောင်းကို ဘယ်လို အတည်ပြုစစ်ဆေးမလဲ။, ပစ္စည်းပေးအပ်ရာတွင် အကျိုးခံစားခွင့်ရှိသူက တစ်စုံတစ်ရာ မကျေနပ်ချက် ရှိလာပါက မည်သို့ ညှိနှိုင်းမည်နည်း။, ဖြန့်ဝေမှုစာရင်း မှာ အကျိုးခံစားခွင့်ရှိသူတစ်ဦးက လက်မှတ်မထိုးတတ်သဖြင့် အဲဒီနေရာမှာ ပဲ ဝန်ထမ်းအားသူ့အစား လက်မှတ် ထိုးပေးရန် အကူအညီတောင်းနေပါတယ်။, ပစ္စည်းထုတ်ပေးပြီးနောက် အကျိုးခံစားခွင့်ရှိသူက "ပစ္စည်းမပြည့်စုံပါ" ဟု ပြန်လည်လာရောက် ပြောဆိုနေသည်။, ဖြန့်ဝေမှုပြုလုပ်နေစဉ်တွင် ကော်မတီ အဖွဲ့ဝင်နှင့် ရင်းနှီးသူမှ ကူညီပေးရန် ရောက်ရှိလာပြီး အကျိုးခံစားခွင့်ရှိသူများ၏ စာရင်းကို ကြည့်ရှုလိုကြောင်း ပြောဆိုလာသည်။, အကျိုးခံစားခွင့်ရှိသူက ပစ္စည်းကို လက်ခံရရှိသွားပြီဖြစ်ပေမဲ့ နေရာကနေ ထွက်မသွားခင်မှာ ဝန်ထမ်းအနေနဲ့ ဘာကို အတည်ပြု စစ်ဆေးခိုင်းရမလဲ။, ပစ္စည်းဖြန့်ဝေဖို့အတွက် ဒေသခံအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီးပါပြီ။ ဒါပေမဲ့ ဖြန့်ဝေမယ့်နေ့ မတိုင်ခင် (၂) ရက်အလိုမှာ အဆိုပါဒေသရဲ့ လမ်းကြောင်းပေါ်မှာ လုံခြုံရေးအခြေအနေ မကောင်းဘူးလို့ သတင်းကြားရပါတယ်။, ဖြန့်ဝေမှုပြုလုပ်ဖို့ စာရင်းထဲမှာ ပါသော်လည်း လူကိုယ်တိုင် လာရောက်ခြင်းမရှိသူတွေ (Absent) အတွက် ဘာကို သေချာမှတ်တမ်းတင်ထားရမလဲ။, အသက် (၁၅) နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ သူ့အဖေရဲ့ တိုကင် ယူပြီး သူ့အဖေအစား ပစ္စည်းလာထုတ်ပါတယ်။ အဲဒီကောင်လေးရဲ့ လက်မှတ် ဒါမှမဟုတ် လက်ဗွေကို ယူပြီး ပစ္စည်းထုတ်ပေးလို့ ရပါသလား? အကြောင်းပြချက် ပေးပါ။, ဖြန့်ဝေမှုပြုလုပ်နေစဉ်အတွင်း အကျိုးခံစားခွင့်ရှိသူတွေဆီက ဘယ်လိုအချက်အလက်တွေကို အတည်ပြု စစ်ဆေးရမလဲ။, ဖြန့်ဝေမှုဆိုင်ရာ အချက်အလက်တွေကို ပေးပို့တဲ့အခါ "တစ်ဦးမကျန် သိရှိစေရန်" ဘယ်လိုနည်းလမ်းတွေနဲ့ အသိပေးသင့်သလဲ။, ဖြန့်ဝေမှု မပြုလုပ်မီ အကျိုးခံစားခွင့်ရှိသူတွေ သိထားရမယ့် အရေးကြီးဆုံး အချက် (၃) ချက်က ဘာတွေလဲ။, ဖြန့်ဝေမှု မပြုလုပ်မီ အနည်းဆုံး ဘယ်လောက်ကြိုတင်ပြီး ဒေသခံအာဏာပိုင်တွေနဲ့ ညှိနှိုင်းထားရမလဲ။

Distribution Quiz

Leaderboard

Visual style

Options

Switch template

Continue editing: ?